“အရပ် (၁၀) မျက်နှာ မေတ္တာပို့ ” မင်းကွန်းဆရာတော် ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဘုန်းကြီး ယနေ့ဟောပေးမှာ မေတ္တာဘာဝနာ ပွားများပုံ
နှစ်နည်းကို ဟောပေးပါ့မယ်။
ဘာပြုလို ့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတုန်း။
ယနေ့ကြည့်မယ်ဆိုလို့ရှိရင် သတ္တဝါတွေမှာ
ရာဂမီး၊ဒေါသမီး၊မောဟမီးဆိုတဲ့ မီး (၃) ပါးတွေ
တစ်ဟုန်းဟုန်းလောင်နေတယ်။
ဒါကမြင်ရတဲ့ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့ မီးသုံးပါး။
တစ်ခါ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့အကျိုးမီးက ငရဲမီး။
အဲ့ဒီမှာ သင်္ဂဟာဆရာတော်ကြီးက မီးသုံးပါးနဲ့
အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်။
သင်္ဂဟာဆရာတော်ဘုရားကြီးက
ဂါထာရေးဖွဲ့ပြီးတော့ထားပါတယ်။
အဂ္ဂိသုတ္တန်ကို မှီပြီးရေးခြင်းဖြစ်ပါတယ်။
(၁) လောဘမီးကိုအကြောင်းပြုပြီးတော့
ဒေါသမီးတောက်တယ်။
ဒေါသမီးအကြောင်းပြုပြီးတော့ မောဟမီးတောက်တယ်။
မောဟမီးအကြောင်းပြုပြီးတော့ငရဲမီးတွေတောက်ကုန်တယ်။
ငရဲမီးတောက်ရင် သတ္တဝါတွေဟာ ဒုက္ခမီးတွေ
တစ်ဟုန်းဟုန်းတောက်တယ်။
ဒါဖြစ်ရင်ကောင်းပြီ....။
မီးကို ငြိမ်းစေနိုင်တဲ့ ရေရှိသလို
အခုပြောတဲ့ လောဘမီး၊ဒေါသမီး၊မောဟမီး၊
ငရဲမီး ဒီမီးကို ငြိမ်းစေတက်တဲ့ တရားရေကော မရှိဘူးလား?၊
တရားရေက မေတ္တာဘာဝနာသည် အဲ့ဒီမီးတွေကို
ငြိမ်းစေတက်တဲ့ ရေစင်ရေအေးဖြစ်ပါတယ်။
မေတ္တာဘာဝနာ ရေစင်ရေအေးပွားတဲ့ နည်းဟာ
ဘုန်းကြီးတို့ပဋိသမ ္ဘိဒါမဂ် ပါဠိတော်မှာ လာရှိတဲ့
အရပ်ဆယ်မျက်နှာ ။
တစ်မျက်နှာ တစ်မျက်နှာ တွင် မေတ္တာလေးပါးပွားတဲ့
မေတ္တာဘာဝနာကြီး ရေစင်တစ်မျိုး ၊
မေတ္တာသုတ် ပရိတ်မှာလာတဲ့ မေတ္တာဘာဝနာ(၁၁)မျိုး
ဆိုပြီး နှစ်မျိုးတောင်ရှိပါတယ်။
မေတ္တာရေစင်ဆေးနှစ်မျိုးပြောကြလို့ဤတွင်
ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာမှာ လာတဲ့ မေတ္တာဘာဝနာပွားပုံက
ဘုန်းကြီးတို့တွေ အရပ်ဆယ်မျက်နှာကို
စာကရေတွက်ပုံက တစ်မျိုး၊
စာက အရှေ့၊အနောက်၊ မြောက်၊တောင် ။
တစ်ခါ အရှေ့တောင် ၊ အနောက်မြောက် ၊
အရှေ့မြောက်၊ အနောက်တောင်၊အောက်၊
အထက်၊ အဲ့သလို သူ့နည်းနဲ့သူပေါ့လေ။
တူယူ အရပ်လေးမျက်နှာ၊အထက်အရပ်လေးမျက်နှာ
ဒီလိုဆိုပြီးတော့ အောက် အထက် ၊
“အရပ်ထဲကလူတွေမှတ်ဘို့လွယ်တဲ့နည်း”က
အရှေ့အရပ်၊အရှေ့တောင်အရပ်၊ တောင်အရပ် ၊
အနောက်တောင်အရပ်၊
အနောက်မြောက်အရပ်၊မြောက်အရပ်၊ အရှေ့မြောက်အရပ်၊
အဲ့ဒီလိုမှတ်ရင်လည်းပဲ အရပ်ထဲက နည်းကပြီးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း=
ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။
•••••••••••••••••••••••••••••••••••••••
၁။ အရှေ့အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၂။ အနောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၃။ မြောက်အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၄။ တောင်အရပ်၌ ရှိသော
အနႏ ၱစၾကၤာဝဠာ အနႏ ၱ သတၱဝါတုိ ့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန ္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါ တို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန ္တစကြာဝဠာ အနန ္တနတ်ဗြဟ္မာတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
Comments
Post a Comment