Skip to main content

Posts

Showing posts from February, 2020

လူတိုင်းအပေါ်မှာမေတ္တာထားနိုင်ဖို့မဖြစ်မနေလိုအပ်တဲ့အရည်အချင်း၂ရပ်

ဘယ်အလုပ်လုပ်ပဲလုပ်လုပ် ပါရမီ၁၀ပါးဖြည့်နေတဲ့အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ

ပစ္စည်းရှုံးတာထက် အကုသိုလ်ဖြစ်တာ က ပိုနာတယ်။

🌷 စိတ်ဆင်းရဲစရာမှန်သမျှသည် .....          အကုသိုလ်ဓာတ်အကျိုးပေး။ 🌷  စိတ်ချမ်းသာစရာမှန်သမျှသည် ကုသိုလ်ဓာတ်အကျိုးပေး။ 🌷  ဒါန၊ သီလ၊ ဘာဝနာသည်ကုသိုလ်ဓာတ် ကို ထွက်စေသော အအေးဓာတ်။ 🌷  ကုသိုလ်ဓာတ်သည် လောဘ၊ ဒေါသ၊ မောဟကို သတ်တာ ၊ 🌷  ရှိတဲ့တိုက်တာ ၊ ရွှေ ငွေ စည်းစိမ်ဥစ္စာ တွေသည် စိတ်မထားတတ်ရင် အပါယ်ရိက္ခာ ဖြစ်နေတာ။ 🌷  ပစ္စည်းရှုံးတာထက် အကုသိုလ်ဖြစ်တာ က ပိုနာတယ်။ # ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတ

အလုပ်လုပ်နေရင်း ဒါန၊သီလ၊သာမထ၊ဝိပဿနာ ကုသိုလ်၄မျိုးစလုံးရအောင်ဘယ်လိုလုပ်မလဲ

မိသားစုနဲ့ နေရင်း လည်း တရားရနိုင်ပါတယ်

ဒီဘဝ ပြီးသွားရင် ဘယ်ဘဝ ရောက်မယ် ဆိုတာ သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ … မြတ်စွာဘုရား တရားတော်တွေ တို့တတွေ နာခွင့်ရကြတယ် … တရားတော်တွေ ဆိုတာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ ဆေးနဲ့အလားတူပါတယ် … ဆေး ဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပေါ့ … ရောဂါ ပျောက်ချင်ရင် ဆေးကို မှန်မှန် သောက်ရတယ် … တရား ဆိုတာလည်း ဘဝမှ လွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ် … ကိုယ့် စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ စိတ်ရဲ့ အညစ်အကြေးတွေဟာ တဖြည်းဖြည်း သန့်စင်ပြီးတော့ … နောက်ဆုံးမှာ … ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို ရလာပါမယ် … ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ကိုယ်ဘဲ လုပ်ရပါတယ် … အဲဒါကြောင့် … မြတ်စွာဘုရားက " အတ္တာဟိ အတ္တနော နာထော " လို့ ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ အင်မတန်မှ လက်တွေ့လည်း ကျပါတယ် … တရားဟာ မိမိ့ ဘ၀ပဲ ကိုယ့် ဘဝပဲ … တရားလို့ ပြောလိုက်တာနဲ့ စီးပွား‌ရေး၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွွန့်ပစ်ပြီး အမျိုးသမီးတွေက မယ်သီလရှင် ဝတ်ဖို့ အမျိုးသားတွေက ဘုန်းကြီး ဝတ်ဖို့ မလိုဘူးပေါ့ … မိသားစုနဲ့ နေရင်းလ...

ကိုယ့်အလုပ်ကိုမှန်မှန်ရိုးရိုးသားသားလုပ်သူတိုင်း ရရှိနိုင်မယ့်အကျိုးကျေး...

ဆရာကျင့်ဝတ်၅ပါး တပည့်ကျင့်ဝတ်၅ပါး အပြင် မိတ်ဆွေကျင့်ဝတ်ရောဘယ်နှစ်ပါးရှိတယ်လို့မိတ်ဆွေတို့ထင်ပါသလဲ?မိတ်ဆွေကျင့်ဝတ်အချက်တွေကရောဘာတွေလဲ?

၁။ပေးကမ်းချီးမြှင့် ၂။ကိုယ်နှင့်ယှဥ်ထား ၃။စီးပွားဆောင်ရွက် ၄။နှုတ်မြွက်ချိုသာ ၅။သစ္စာမှန်စေ ဝတ်ငါးတွေ  ပြုလေမိတ်သဟာ တဲ့ ဒီအချက်၅ချက်ဟာ မိတ်ဆွေကျင့်ဝတ်တွေပဲဖြစ်ပါတယ်။ဒီအချက်၅ချက်ကိုမိတ်ဆွေတို့လက်တွေ့ဘဝမှာပြန်လည်အသုံးချခြင်းအားဖြင့်အကျိုးကျေးဇူးများစွာရရှိနိုင်ကြပါစေလို့ဆုတောင်း‌ပေးလိုက်ပါတယ်

မပျော်ရွှင်တဲ့စိတ်ကနေ ပျော်ရွှင်တဲ့စိတ်ကို အချိန်အနည်းငယ်အတွင်းဘယ်လိုပြေ...

တရားနာယူရခြင်းကြောင့် ရရှိလာမယ့်အကျိုးတရား၅ပါးကဘာတွေဖြစ်မလဲ?

တရားနာယူနေခြင်းကြောင့် ကျွန်တော်တို့၏စိတ်ကိုအေးချမ်းစေသလို တရားနာယူခြင်းကနေရရှိလာမယ့်အကျိုးတရားများကလည်းကျွန်တော်တို့ဘဝအတွက် များစွာတန်ဖိုးရှိလှပါတယ် ဒါကြောင့် တရားနာယူခြင်းကနေရရှိလာမယ့်အကျိုးတရား ၅ပါးဟာဘာတွေလဲဆိုလျင် ၁။မကြားဖူးသည်များကို ကြားနာရခြင်း ၂။ကြားဖူးသည်များကိုလည်းရှင်းလင်းစွာနားလည်ခြင်း ၃။ယုံမှားသံသယ ကင်းရှင်းခြင်း ၄။အယူမှန်ကိုရခြင်း ၅။သဒ္ဓါ ပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း တို့ဖြစ်ပါတယ်

စေတနာ၃တန်ဆိုတာဘာလဲ?

စေတနာ၃တန်ဆိုတာဘာလဲ? စေတနာ၃တန်ဆိုတာ တစ်ခုခုကိုလှူဒါန်းရာမှာ ပိုပြီးအကျိုးရှိစွာလှူဒါန်းလို့ရမယ့် အချက်၃ချက်ကို ‌‌ခေါ််ဆိုခြင်းဖြစ်ပါတယ် စေတနာ၃တန်မှာဘယ်အချက်တွေပါဝင်သလဲ? စေတနာ ၃တန်မှာပါဝင်တဲ့အချက်များမှာ ၁။ရှေးဦးစွာ လှူလိုသောကုသိုလ်စိတ်ဖြစ်ပေါ်လာခြင်း ၂။လှူချင်စိတ်ဖြစ်ပေါ်ခြင်းကြောင့် မပျက်မကွက် လှူဒါန်းခြင်း ၃။လှူဒါန်းပြီး၍ ဝမ်းမြောက်ရွှင်လမ်းစွာဖြင့် နောက်ထပ်လှူဒါန်းချင်စိတ်ရှိခြင်း တို့ဖြစ်ပါတယ် ဒီအကြောင်းအရာလေးဟာမိတ်ဆွေတို့အတွက် အကျိုးရှိမယ်ဆိုလျင် မိတ်ဆွေတို့ချစ်ခင်သူများကိုလည်းဒီအချက်တွေသိအောင်ပြန်လည်မျှဝေပေးလိုက်ပါ

ဘဝဆိုတာ ပိုနေတာ‌တွေ ‌လျှော့ချပြီး လို‌နေတာ‌တွေဖြည့်ဆည်း‌နေဖို့ပါ

လျှော့နိုင်ရင် ချမ်းသာတယ် •••••••••••••••••••••••••••• အစား လျှော့နိုင်ရင် ရုပ်ခန္ဓာ ကျန်းမာတယ်။ အသွားတွေ လျှော့နိုင်ရင် ခလုတ်တိုက်တာ နည်းသွားတယ်။ အပြောတွေ လျှော့နိုင်ရင် အမှားနည်းသွားတယ်။ အပျော်တွေ လျှော့နိုင်ရင် အပျက်တွေ နည်းသွားတယ်။ လိုချင်တာတွေ လျှော့နိုင်ရင် ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲတတ်လာတယ်။ သံသယတွေ လျှော့နိုင်ရင် နေရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ မခံချင်စိတ်တွေ လျှော့နိုင်ရင် မကျေနပ်လို့ ရန်ဖြစ်တာတွေ နည်းသွားတယ်။ အားလုံးလျှော့နိုင်ရင် ချမ်းသာတယ်။ ဘဝဆိုတာ တိုတောင်းပါတယ်။ ပိုနေတာတွေ လျှော့ချပြီး လိုအပ်တာတွေ ဖြည်းဆည်းနေဖို့လိုတယ်။ သံသရာ အဆုံးမသတ်နိုင်သေးပေမယ့် ကိုယ့်ကံကြမ္မာကို ကိုယ်သာဆုံးဖြတ်ရတာမို့ လျှော့ချနိုင်ရင် လေးနေတာတွေ ပေါ့သွားပြီး လမ်းလျှောက်ရတာ ခရီးပေါက်တာပေါ့ကွယ်။ အရှင်ပညာဓဇ(မြစ်ကျိုး)