လျှော့နိုင်ရင် ချမ်းသာတယ်
••••••••••••••••••••••••••••
အစား လျှော့နိုင်ရင်
ရုပ်ခန္ဓာ ကျန်းမာတယ်။
အသွားတွေ လျှော့နိုင်ရင်
ခလုတ်တိုက်တာ နည်းသွားတယ်။
အပြောတွေ လျှော့နိုင်ရင်
အမှားနည်းသွားတယ်။
အပျော်တွေ လျှော့နိုင်ရင်
အပျက်တွေ နည်းသွားတယ်။
လိုချင်တာတွေ လျှော့နိုင်ရင်
ရှိတာလေးနဲ့ တင်းတိမ်
ရောင့်ရဲတတ်လာတယ်။
သံသယတွေ လျှော့နိုင်ရင်
နေရတာ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု ရှိလာတယ်။
မခံချင်စိတ်တွေ လျှော့နိုင်ရင်
မကျေနပ်လို့ ရန်ဖြစ်တာတွေ
နည်းသွားတယ်။
အားလုံးလျှော့နိုင်ရင် ချမ်းသာတယ်။
ဘဝဆိုတာ တိုတောင်းပါတယ်။
ပိုနေတာတွေ လျှော့ချပြီး
လိုအပ်တာတွေ ဖြည်းဆည်းနေဖို့လိုတယ်။
သံသရာ အဆုံးမသတ်နိုင်သေးပေမယ့်
ကိုယ့်ကံကြမ္မာကို ကိုယ်သာဆုံးဖြတ်ရတာမို့
လျှော့ချနိုင်ရင် လေးနေတာတွေ ပေါ့သွားပြီး
လမ်းလျှောက်ရတာ ခရီးပေါက်တာပေါ့ကွယ်။
အရှင်ပညာဓဇ(မြစ်ကျိုး)
Comments
Post a Comment