ဒီဘဝ ပြီးသွားရင်
ဘယ်ဘဝ ရောက်မယ် ဆိုတာ
သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …
သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …
မြတ်စွာဘုရား တရားတော်တွေ
တို့တတွေ နာခွင့်ရကြတယ် …
တို့တတွေ နာခွင့်ရကြတယ် …
တရားတော်တွေ ဆိုတာ
ရောဂါပျောက်အောင် ကုသနိုင်တဲ့
ဆေးနဲ့အလားတူပါတယ် …
ရောဂါပျောက်အောင် ကုသနိုင်တဲ့
ဆေးနဲ့အလားတူပါတယ် …
ဆေး ဆိုတာ မသောက်ဘဲနဲ့
နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပေါ့ …
နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပေါ့ …
ရောဂါ ပျောက်ချင်ရင်
ဆေးကို မှန်မှန် သောက်ရတယ် …
ဆေးကို မှန်မှန် သောက်ရတယ် …
တရား ဆိုတာလည်း
ဘဝမှ လွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ် …
ဘဝမှ လွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ် …
ကိုယ့် စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့်
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ
စိတ်ရဲ့ အညစ်အကြေးတွေဟာ
တဖြည်းဖြည်း သန့်စင်ပြီးတော့ …
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ
စိတ်ရဲ့ အညစ်အကြေးတွေဟာ
တဖြည်းဖြည်း သန့်စင်ပြီးတော့ …
နောက်ဆုံးမှာ …
ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့
စိတ်ဓာတ်မျိုးကို ရလာပါမယ် …
စိတ်ဓာတ်မျိုးကို ရလာပါမယ် …
ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင်
ကိုယ်ဘဲ လုပ်ရပါတယ် …
ကိုယ်ဘဲ လုပ်ရပါတယ် …
အဲဒါကြောင့် …
မြတ်စွာဘုရားက
" အတ္တာဟိ အတ္တနော နာထော " လို့
ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ
အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …
" အတ္တာဟိ အတ္တနော နာထော " လို့
ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ
အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …
တရားဟာ မိမိ့ ဘ၀ပဲ
ကိုယ့် ဘဝပဲ …
ကိုယ့် ဘဝပဲ …
တရားလို့ ပြောလိုက်တာနဲ့
စီးပွားရေး၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွွန့်ပစ်ပြီး
စီးပွားရေး၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွွန့်ပစ်ပြီး
အမျိုးသမီးတွေက မယ်သီလရှင် ဝတ်ဖို့
အမျိုးသားတွေက ဘုန်းကြီး ဝတ်ဖို့ မလိုဘူးပေါ့ …
အမျိုးသားတွေက ဘုန်းကြီး ဝတ်ဖို့ မလိုဘူးပေါ့ …
မိသားစုနဲ့ နေရင်းလည်း
တရား ရနိုင်ပါတယ် …
တရား ရနိုင်ပါတယ် …
ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် …
" နှလုံးသွင်း တရား " ဟာ
အင်မတန်မှ အရေးကြီးပါတယ် …
အင်မတန်မှ အရေးကြီးပါတယ် …
မြတ်စွာဘုရား လက်ထက်တုန်းက
မိသားစုနဲ့ နေရင်း
သောတာပန် သကဒါဂါမ် အနာဂါမ်တွေ
ဖြစ်တာရှိပါတယ် …
မိသားစုနဲ့ နေရင်း
သောတာပန် သကဒါဂါမ် အနာဂါမ်တွေ
ဖြစ်တာရှိပါတယ် …
အနာဂါမ် ဖြစ်သည် အထိအောင် တောင်မှ
မိသားစု အသိုင်းအဝန်းထဲမှာ ရှိနေသေးပါတယ် …
မိသားစု အသိုင်းအဝန်းထဲမှာ ရှိနေသေးပါတယ် …
နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့
သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …
သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …
အဲဒီလို တရားဆိုတာ
ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ်
ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ် …
ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ်
ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ် …
ပစ္စည်း သံယောဇဉ်
သား သံယောဇဉ်
သမီး သံယောဇဉ် ဆိုတော့ …
သား သံယောဇဉ်
သမီး သံယောဇဉ် ဆိုတော့ …
ပစ္စည်းကို စွန့်ရမှာလား ?
သားကို စွန့်ရမှာလား?
သားကို စွန့်ရမှာလား?
သမီးကို စွန့်ရမှာ လားလို့
လူတွေက ထင်နေကြတယ် …
လူတွေက ထင်နေကြတယ် …
ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး …
စွန့်ရမှာက ကိုယ့် စိတ်ထဲမှာ ဖြစ်နေတဲ့
" အတွယ်အတာများ " ကိုစွန့်ရမှာပါ …
" အတွယ်အတာများ " ကိုစွန့်ရမှာပါ …
အတွယ်အတာ မရှိဘဲနဲ့ နေတာ
မေတ္တာ နဲ့ နေတာပါ …
မေတ္တာ နဲ့ နေတာပါ …
အဲဒီတော့ …
သား စွန့်ဖို့လည်း မလိုပါ
သမီး စွန့်ဖို့လည်း မလိုပါ
ရာထူး စွန့်ဖို့လည်း မလိုပါ
သမီး စွန့်ဖို့လည်း မလိုပါ
ရာထူး စွန့်ဖို့လည်း မလိုပါ
" တွယ်တာမှု " ကိုဘဲ စွန့်ဖို့ လိုပါတယ် …
အဲဒါကြောင့်မို့လို့ …
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
တရားတော်တွေဟာ …
တရားတော်တွေဟာ …
သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ
ဖြစ်ပွားအောင် ကြိုးစားပြီးတော့
အမှန်အကန် သိမယ်ဆိုရင် …
ဖြစ်ပွားအောင် ကြိုးစားပြီးတော့
အမှန်အကန် သိမယ်ဆိုရင် …
ဘဝမှာ နေပျော်ပြီး
နောက်ဆုံးမှာ ဘဝက လွတ်မြောက်တဲ့
နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်
နောက်ဆုံးမှာ ဘဝက လွတ်မြောက်တဲ့
နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Comments
Post a Comment