“အရပ် (၁၀) မျက်နှာ မေတ္တာပို့ ” မင်းကွန်းဆရာတော် ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ” ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ဘုန်းကြီး ယနေ့ဟောပေးမှာ မေတ္တာဘာဝနာ ပွားများပုံ နှစ်နည်းကို ဟောပေးပါ့မယ်။ ဘာပြုလို ့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတုန်း။ ယနေ့ကြည့်မယ်ဆိုလို့ရှိရင် သတ္တဝါတွေမှာ ရာဂမီး၊ဒေါသမီး၊မောဟမီးဆိုတဲ့ မီး (၃) ပါးတွေ တစ်ဟုန်းဟုန်းလောင်နေတယ်။ ဒါကမြင်ရတဲ့ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့ မီးသုံးပါး။ တစ်ခါ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့အကျိုးမီးက ငရဲမီး။ အဲ့ဒီမှာ သင်္ဂဟာဆရာတော်ကြီးက မီးသုံးပါးနဲ့ အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်။ သင်္ဂဟာဆရာတော်ဘုရားကြီးက ဂါထာရေးဖွဲ့ပြီးတော့ထားပါတယ်။ အဂ္ဂိသုတ္တန်ကို မှီပြီးရေးခြင်းဖြစ်ပါတယ်။ (၁) လောဘမီးကိုအကြောင်းပြုပြီးတော့ ဒေါသမီးတောက်တယ်။ ဒေါသမီးအကြောင်းပြုပြီးတော့ မောဟမီးတောက်တယ်။ မောဟမီးအကြောင်းပြုပြီးတော့ငရဲမီးတွေတောက်ကုန်တယ်။ ငရဲမီးတောက်ရင် သတ္တဝါတွေဟာ ဒုက္ခမီးတွေ တစ်ဟုန်းဟုန်းတောက်တယ်။ ဒါဖြစ်ရင်ကောင်းပြီ....။ မီးကို ငြိမ်းစေနိုင်တဲ့ ရေရှိသလို အခုပြောတဲ့ လောဘမီး၊ဒေါသမီး၊မောဟမီး၊ ငရဲမီး ဒီမီးကို ငြိမ်း...
This blog is created for Dhamma knowledge sharing
Comments
Post a Comment