Skip to main content

Posts

Showing posts from March, 2020

Top 10 Buddhist countries in world 2020

မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း

“မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။”      ••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ၁။ လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ...

အရပ် (၁၀) မျက်နှာ မေတ္တာပို့

“အရပ် (၁၀) မျက်နှာ မေတ္တာပို့ ” မင်းကွန်းဆရာတော် ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ” ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••• ဘုန်းကြီး ယနေ့ဟောပေးမှာ မေတ္တာဘာဝနာ ပွားများပုံ နှစ်နည်းကို ဟောပေးပါ့မယ်။ ဘာပြုလို ့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတုန်း။ ယနေ့ကြည့်မယ်ဆိုလို့ရှိရင် သတ္တဝါတွေမှာ ရာဂမီး၊ဒေါသမီး၊မောဟမီးဆိုတဲ့ မီး (၃) ပါးတွေ တစ်ဟုန်းဟုန်းလောင်နေတယ်။ ဒါကမြင်ရတဲ့ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့ မီးသုံးပါး။ တစ်ခါ ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့အကျိုးမီးက ငရဲမီး။ အဲ့ဒီမှာ သင်္ဂဟာဆရာတော်ကြီးက မီးသုံးပါးနဲ့ အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်။ သင်္ဂဟာဆရာတော်ဘုရားကြီးက ဂါထာရေးဖွဲ့ပြီးတော့ထားပါတယ်။ အဂ္ဂိသုတ္တန်ကို မှီပြီးရေးခြင်းဖြစ်ပါတယ်။ (၁) လောဘမီးကိုအကြောင်းပြုပြီးတော့ ဒေါသမီးတောက်တယ်။ ဒေါသမီးအကြောင်းပြုပြီးတော့ မောဟမီးတောက်တယ်။ မောဟမီးအကြောင်းပြုပြီးတော့ငရဲမီးတွေတောက်ကုန်တယ်။ ငရဲမီးတောက်ရင် သတ္တဝါတွေဟာ ဒုက္ခမီးတွေ တစ်ဟုန်းဟုန်းတောက်တယ်။ ဒါဖြစ်ရင်ကောင်းပြီ....။ မီးကို ငြိမ်းစေနိုင်တဲ့ ရေရှိသလို အခုပြောတဲ့ လောဘမီး၊ဒေါသမီး၊မောဟမီး၊ ငရဲမီး ဒီမီးကို ငြိမ်း...

အရိမေတ္တေယျ ဘုရားရှင် အားဖူးတွေ့လိုလျှင် လုပ်ရမည့် ”ကုသိုလ် (၁၀) မျိုး”

အရိမေတ္တေယျ ဘုရားရှင် အားဖူးတွေ့လိုလျှင် လုပ်ရမည့် ”ကုသိုလ် (၁၀) မျိုး” ၁။ မိမိကိုယ်တိုင် သာသနာ့ဝန်ထမ်း ရှင်ရဟန်း ပြုလုပ်ပါ။ ၂။ ကိုယ်၏ရင်သွေး ဖြစ်စေ သူတပါးတို့၏ရင်သွေးဖြစ်စေ ရှစ်ဖြာပရိက္ခရာစုံလင်စွာဖြင့် သာသနာ့ဘောင် သို့ သွပ်သွင်း ချိးမြှောက်ပါ။ ၃။ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို လုံခြုံ အောင်စောင့်ထိန်းပါ။ ၄။ ဗောဓိညောင်ပင်စိုက်ပျိုးလှူဒါန်းပြီး ညောင်ရေ သွန်းလောင်းပါ။ ၅။ စေတီ ဇရပ်များ တည်ဆောက်လှူဒါန်းပါ။ ၆။ မိဘနှစ်ပါးကို ကောင်းမွန်ရိုသေစွာလုပ်ကျွေးပါ။ ၇။ ရေတွင်း ရေကန် ကျောင်းအရန်များ လှူဒါန်းပါ။ ၈။ သံဃာတော်များ အတွက် ဆွမ်း သင်္ကန်း ကျောင်း ဆေး စသည့် ပစ္စည်းလေးဖြာဖြင့် လှူဒါန်းပါ။ ၉။ တရားဘာဝနာများ ပွားများအားထုတ်ပါ။ ၁၀။ ဂါထာအပုဒ်ပေါင်း တစ်ထောင်ဖြင့်တန်ဆာ ဆင်ထားသည့် ဝေဿံသရာ ဇတ်တော်ကြီး ကို အခေါက်ပေါင်းတစ်ထောင် ရွတ်ဖတ်ပူ ဇော်ပြီး … ဆီမီးတစ်ထောင် ပန်းတစ်ထောင် ဆွမ်းအုပ်ပေါင်းတစ်ထောင် ရေချမ်းပေါင်း တစ်ထောင်ကပ်လှူပူဇော်ပါ။ အထက်ပါကုသိုလ်များကို ပြုလုပ်သူသည် အရိမေတ္တေယျဘုရှင် ကို ဦးစွာဖူးတွေ့ရပြီး နိဗ္ဗာန် သို့ အရောက်လှမ်းနိုင်မည့် သူတော်ကောင်းများဖြစ်ကြပါသည်။

မြတ်စွာဘုရားရှင်ဟောကြားထားသောဘဝမှာအသက်ရှည်ရှည်နေထိုင်နိုင်မယ့်နည်းလမ်းကေ...