အရိမေတ္တေယျ ဘုရားရှင် အားဖူးတွေ့လိုလျှင် လုပ်ရမည့် ”ကုသိုလ် (၁၀) မျိုး”
၁။ မိမိကိုယ်တိုင် သာသနာ့ဝန်ထမ်း ရှင်ရဟန်း ပြုလုပ်ပါ။
၂။ ကိုယ်၏ရင်သွေး ဖြစ်စေ သူတပါးတို့၏ရင်သွေးဖြစ်စေ ရှစ်ဖြာပရိက္ခရာစုံလင်စွာဖြင့် သာသနာ့ဘောင် သို့ သွပ်သွင်း ချိးမြှောက်ပါ။
၃။ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို လုံခြုံ အောင်စောင့်ထိန်းပါ။
၄။ ဗောဓိညောင်ပင်စိုက်ပျိုးလှူဒါန်းပြီး ညောင်ရေ သွန်းလောင်းပါ။
၅။ စေတီ ဇရပ်များ တည်ဆောက်လှူဒါန်းပါ။
၆။ မိဘနှစ်ပါးကို ကောင်းမွန်ရိုသေစွာလုပ်ကျွေးပါ။
၇။ ရေတွင်း ရေကန် ကျောင်းအရန်များ လှူဒါန်းပါ။
၈။ သံဃာတော်များ အတွက် ဆွမ်း သင်္ကန်း ကျောင်း ဆေး စသည့် ပစ္စည်းလေးဖြာဖြင့် လှူဒါန်းပါ။
၉။ တရားဘာဝနာများ ပွားများအားထုတ်ပါ။
၁၀။ ဂါထာအပုဒ်ပေါင်း တစ်ထောင်ဖြင့်တန်ဆာ ဆင်ထားသည့် ဝေဿံသရာ ဇတ်တော်ကြီး ကို အခေါက်ပေါင်းတစ်ထောင် ရွတ်ဖတ်ပူ ဇော်ပြီး …
ဆီမီးတစ်ထောင် ပန်းတစ်ထောင် ဆွမ်းအုပ်ပေါင်းတစ်ထောင် ရေချမ်းပေါင်း တစ်ထောင်ကပ်လှူပူဇော်ပါ။
အထက်ပါကုသိုလ်များကို ပြုလုပ်သူသည် အရိမေတ္တေယျဘုရှင် ကို ဦးစွာဖူးတွေ့ရပြီး နိဗ္ဗာန် သို့ အရောက်လှမ်းနိုင်မည့် သူတော်ကောင်းများဖြစ်ကြပါသည်။
Comments
Post a Comment